About Us

“ပညာနယ်နိမိတ် ဂီတရိပ်တို့နဲ့ ရွှင်လန်းကျန်းမာ ယဉ်ကျေးမှုတို့ ထုတ်လွှင့်ရာ FMပုဂံ”

နိုင်ငံတစ်ဝန်းလုံးမှ နားဆင်သူသောတရှင်တို့ထံအရောက် အစီအစဉ်ကောင်းများကို ထုတ်လွှင့်ပေးလျက်ရှိတဲ့ FMပုဂံ ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး ရေဒီယိုထုတ်လွှင့်မှုကိုတော့ ၂၀၁၀ခုနှစ် ဇန်န၀ါရီလ (၁) နေ့တွင် မကွေးတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်တို့တွင် စတင်ခဲ့ပါသည်။ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်းမှ သောတရှင်ပြည်သူတို့အတွက် သုတ ရသ ရေဒီယို အစီအစဉ်ကောင်းများကို အစဉ်တစိုက်ထုတ်လွှင့်ပေးခဲ့ရာမှ လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်ပါ နေ့စဉ် နံနက် ၅ နာရီမှ ည ၁၁ နာရီအချိန်ထိ ထုတ်လွှင့်ပေးလျက်ရှိပါသည်။

အထက်ဖော်ပြပါ တိုင်းဒေသကြီးများအပြင် သောတရှင်ပြည်သူတို့၏ တောင်းဆိုမှုများနှင့်အတူ FM ပုဂံမှလည်း လိုအပ်သည့်နေရာဒသများသို့တိုးချဲ့ထုတ်လွှင့်နိုင်ရန် အစဉ်တစိုက် ကြိုးစားလျက်ရှိရာ ယခုနှစ် ၂၀၁၈ ခုနှစ် ဧပြီလ အတွင်းတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးများတွင်ပါ FMပုဂံ ရေဒီယိုအစီအစဉ်များကို တိုးချဲ့ထုတ်လွှင့်ပေးသွားရန် စီစဉ်လျက်ရှိသဖြင့် မကြာမီ မြန်မာနိုင်ငံတစ်ဝန်းလုံးနီးပါးတွင် FMပုဂံ ရေဒီယိုကို နားဆင်နိုင်တော့မည်ဖြစ်ပါသည်။

FM ပုဂံ ရေဒီယိုမှ နားဆင်သူ သောတရှင်ပြည်သူများအတွက် ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ ပတ်သက်သော အစီအစဉ်များ၊ လူမှုရေးအသင်းအဖွဲ့များရဲ့လှုပ်ရှားမှုများ၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရေးအတွက် အစီအစဉ်များ၊ ကလေးသူငယ်များအတွက် ကျန်းမာရေးနဲ့ပညာရေးအသိပညာများ၊ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ရှေးဦးသူနာပြုစုခြင်းအစီအစဉ်များ၊ သဘာဝဘေးအန္တရယ်များအတွက် ကြိုတင်ပြင်ဆင်ခြင်းတို့အတွက် သိမှတ်စရာ အဖြာဖြာတို့အပြင် ကျန်းမာရေး၊ အသိပညာ၊ စီးပွားရေးနဲ့ သတင်းအချက်အလက်များ၊ မိုးလေ၀သသတင်းများ၊ စိုက်ပျိုးရေးနဲ့သက်ဆိုင်သောအစီအစဉ်များ၊ ယဉ်ကျေးမှုဆိုင်ရာအနုရသများ၊ ခံစားဖန်တီးမှုအနုပညာများ၊ နိုင်ငံတကာသီချင်းများ၊ လူငယ်ကြိုက်တေးသီချင်းများစွာကို  နေ့စဉ် နံနက်(၅း၀၀)နာရီမှ ည(၁၁း၀၀)နာရီအထိ ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါသည်။

 “ပညာနယ်နိမိတ် ဂီတရိပ်တို့နဲ့ ရွှင်လန်းကျန်းမာ ယဉ်ကျေးမှုတို့ ထုတ်လွှင့်ရာ FMပုဂံ”

Frequency & Converage

မကွေးတိုင်းဒေသကြီး 89.8MHz / 89.2MHz
ချင်းပြည်နယ် 89.8MHz / 89.2MHz
နေပြည်တော် 93.7MHz
မန္တလေးတိုင်းဒေသကြီး 93.4MHz , 88.3MHz
ရန်ကုန်တိုင်းဒေသကြီး 89.9MHz
ဧရာဝတီတိုင်းဒေသကြီး 94.9MHz
ရှမ်းပြည်နယ် 93.4MHz
စစ်ကိုင်းတိုင်းဒေသကြီး 93.4MHz
ပဲခူးတိုင်းဒေသကြီး 94.9MHz
မွန်ပြည်နယ် 93.7MHz
တနင်္သာရီတိုင်းဒေသကြီး 94.6MHz

Today Highlight Program

View All
  • 6:00AM~7:00AM ပဋိပတ်ဝန်ဆောင်ဆရာတော်များ
  • 6:00AM~7:00AM ပုဂံအလင်္ကာကဗျာရေစီး
  • 7:00AM~8:00AM တောင်ဇလပ်မြေမှတေးသီချင်းများ
  • 7:00AM~8:00AM Bagan Breakfast
  • 7:00AM~8:00AM ကုန်စည်ဈေးနှုန်း
  • 8:00AM~9:00AM Bagan News Hour(Live)
  • 9:00AM~10:00AM Wish For You
  • 9:00AM~10:00AM Fun Weekend(Live)
  • 10:00AM~11:00AM Songs Request (Live)
  • 11:00AM~12:00PM လူငယ်ကြိုက်တေးသီချင်းများ(Live)
  • 11:00AM~12:00PM Weekly Weather Report (ဦးထွန်းလွင်)
  • 12:00PM~1:00PM Today Bagan Special Hits (Live)
  • 12:00PM~1:00PM စိုက်ပါမွေးပါတို့ကျေးရွာ
  • 1:00PM~2:00PM သတင်း
  • 1:00PM~2:00PM Bagan New Update
  • 2:00PM~3:00PM Dental Health
  • 3:00PM~4:00PM Football Focus
  • 5:00PM~6:00PM Milestone
  • 6:00PM~7:00PM Musical Evening Song Request
  • 6:00PM~7:00PM Movie Choice
  • 7:00PM~8:00PM ညညှင်းလေပြေ
  • 7:00PM~8:00PM Party Fever With Andy
  • 8:00PM~9:00PM 20 Minutes Megahits
  • 9:00PM~10:00PM Bagan Online Song Request
  • 10:00PM~11:00PM ညတေးကဗျာ
  • 10:00PM~11:00PM The Colorist Songs
  • 10:00PM~11:00PM Bagan Juke Box

We are avaliable on

App Store Google Store

Have a song request?